ဦနှောက်ခမ်းတဲ့ ည
စည်းအပြင်မှာ လွတ်နေတဲ့ ကိုဖြိုး တစ်ယောက်ကတော့ ထိုးဆွသွားပြန်ပြီ... ရေးချင်နေတဲ့ စိတ်ကို... တက်ဂိမ်းတဲ့... 10 weird things about me တဲ့။ ဘယ်သူများ စထွင်ခဲ့သလဲတော့ မသိဘူး...မရေးရင် ကတုံးတုံးပြီး သီလရှင် ၀တ်ရမယ်တဲ့.. အာ..မီ..ထော်..ဖော်..... မကောင်းတာတွေကို လူသိအောင် ပေါရ...... အဲလေ....ပြောရတော့မှာပေါ့။ ကောင်းတာ(၁၀)ခု ဆိုရင် ရှာရခက်မယ်။ မကောင်းတာ(၁၀)ခု ဆို ရှာရတာ မခက်ပါဘူး.. အ...ဟမ်း...း)
(၁) မယ်ကန့်လန့်တဲ့..အရွဲ့တိုက်တတ်ပြီး ထော်လော်ကန့်လန့် နိုင်လွန်းလို့ အစ်မက ပေးထားတဲ့ နာမည် (အရွဲ့တိုက်တတ်တဲ့ ပညာက ခက်တယ်နော်)
(၂) စနေသမီး ဒေါသကြီးတယ်တဲ့... ဘယ်သူစခဲ့တာလဲတော့ မသိဘူး... ဒီစနေသမီးကတော့ ဘာမှ ကြီးစရာကို မရှိဘူး.. အဲ...ကြီးစရာဆိုလို့... သံယောဇဉ်နဲ့ အစွဲအလမ်းပဲ ရှိတယ်။
(၃) ကိုယ်ဗိုက်ထဲ ၀င်မဲ့ အစာကိုတောင် ဒီလောက် ကပ်နေရသလားတဲ့... အစ်မက အမြဲပြောတယ်။ ကပ်စီးနဲ တယ် ဆိုတဲ့ အသုံးအနှံးထက် ချွေတာတယ် ဆိုတဲ့ စကားကို ပိုကြိုက်တယ်။
(၄) တခါတလေမှာ သပ်ရပ်သလောက် ပိုသီပတ်သီနဲ့ လုံလုံခြုံခြုံ ၀တ်ရတာကို ပိုကြိုက်တယ်။ ကနွဲ့ကလျ လုပ်နေတာထက် ယောက်ျားဆန်ဆန် နေရတာကို ပိုကြိုက်တယ်။
(၅) စိတ်ရှည်ရှည် မထားတတ်ဘူး။ စိတ်ဆိုး၊ ၀မ်းနည်းရင် တစ်နေ့ကုန် စကားမပြောဘဲ နေနိုင်တယ်။
(၆) အားနာလွယ်တယ်။ ခံစားလွယ်တယ်။ မျက်ရည်ကျလွယ်တယ်။ အလျော့ပေး လွယ်တယ်။ ဒါပေမယ့် ပျော်ပျော် နေတတ်တယ်။
(၇) ညီမလေးနဲ့ မောင်လေးကို အရမ်းချစ်တယ်။ သူတို့ကို ငဲ့ငဲ့နေလို့ ခုလို အပျိုကြီးဖြစ်နေတာ ..အီး..ဟီးး( (တကယ်တော့ ကြော်ငြာဝင်တာ.. ဟား..ဟား)
(၈) တစ်နေ့ကို ထမင်းနှစ်နပ် ပုံမှန်ကျွေးထားမဲ့ လူရှိရင် စာတွေပဲ ထိုင်ရေးချင် နေတယ်။
(၉) လိုချင်တာ၊ ပြောချင်တာကို မအောင့်ထားတတ်ဘူး။ သူငယ်ချင်းတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံရတာကို ပိုကြိုက်တယ်။
(၁၀) လူတွေအများကြီးနဲ့ ခင်ချင်တယ်။ ဒါပေမယ့် လူတွေရဲ့ ပါးစပ်ကို ကြောက်တယ်။
ရှာရတာ မခက်ဘူးဆိုပေမယ့် ချက်ချင်းကြီး ရှာရတော့ ဦးနှောက်တွေတောင် ခမ်းမတတ်ပါပဲ။
Tag ဆိုတဲ့ စကားနဲ့အညီ ဒီ လေးယောက်ကို ပြန် Tag လိုက်ပါတယ်... စိတ်ဆိုးကြမဲ့ လူတွေ မဟုတ်မှန်း သိလို့ပါ... Tag ပြီးသားတွေလားတော့ မသိဘူး...ဟီး
လူပျိုကြီး ကိုတိုး
မစ်စတာ မောင်ပွတ်
အစွဲအလမ်းကြီးတဲ့ မောင်လှ
မိကီ

7 comments:
ထမင်းနှစ်နပ်တော့ ကျွေးထားနိုင်ပါတယ်
see...ur ad is so good and u got offer in short time...hahaha
ryan
paw par. kwar
oh. you tagged me..
how come you are so interest in playing Memes?
im not a fun of meme(s).. sanay.. :)
okay. I'll do that when I have some time.....
anyways, it's good to know 10 wired things about you. sanay. :P
အစ်မရေ ... ကျွန်တော်လည်း တက်ခ်ပြီးကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ မိုးမခလင့်ခ်အတွက် ကျေးဇူးပါ။
done. sanay. check-out here
၈။ ထမင်းသုံးနှပ်ကျွေးမယ်ဆိုရင်ကော :/ ?
Post a Comment